Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

How do I improve my listening skills?


Reading, Writing, Listening, Speaking ဆိုတဲ့ skills ၄ခု အနက်မှာမှ listening skills အတွက်ကို Tips လေးတွေ sharing လုပ်ပေးသွားပါမယ်နော် 

Listening တိုးတက်ဖို့အတွက် အဓိက အရေးအကြီးဆုံးအချက်ကတော့ များများနားထောင်ဖို့ပါ။ ဒါပေမယ့် ထိထိရောက်ရောက် တိုးတက်စေဖို့ အတွက်ကတော့ အောက်ပါနည်းလမ်းတွေက အသုံးဝင်စေမှာပါ။

1) သင်ဟာ နားထောင်တတ်သူတစ်ဦးဖြစ်ပါစေ ✨

ပထမဆုံးအနေနဲ့ နားထောင်တတ်ဖို့ သင်ယူရပါမယ်။နားထောင်ရတာဟာ မခက်ပါဘူး။ဒါပေမယ့် လက်တွေ့ဘဝမှာ ကောင်းကောင်းနားမထောင်တတ်ကြပါဘူး။တစ်ဖက်လူပြောတဲ့ စကားကို အာရုံစိုက်ပြီး နားမထောင်တဲ့အတွက် ခဏကြာရင် မေ့သွားတတ်ကြပါတယ်။အာရုံမစိုက်တဲ့အခါ မိမိရဲ့အကြားစွမ်းရည် တိုးတက်ဖို့ အချိန်ကြာစေပါတယ်။

2) English movies တွေ ကြည့်မယ် ✨

မိမိရဲ့ Listening skills တိုးတက်ဖို့ဆိုရင် English movies တွေ များများကြည့်ပြီး ဇာတ်ကားထဲမှာ သူတို့ပြောတာတွေကို နားထောင်ဖို့ လိုအပ်ပါတယ်။သူတို့ပြောတာတွေ အကုန်လုံး နားမလည်သေးရင်လည်း ကိစ္စမရှိပါဘူး။ရုပ်ရှင်ထဲမှာ ကြားထားတဲ့ စကားလုံးတွေကို နေ့စဥ် daily life မှာ ပြန်လည်အသုံးပြုတာတို့၊ စကားပြောနေရင်း ရုပ်ရှင်ကားထဲက မိမိမှတ်ထားတဲ့ vocabulary တွေ ၊ daily usages တွေကို ပြန်လည်အသုံးပြုနေခြင်းက Listening skills ကို တကယ်အထောက်အကူပြုစေပါတယ်

3) English music / Radio တွေ နားထောင်မယ် ✨

မိမိစိတ်ဝင်စားတဲ့အရာနဲ့ အကြားစွမ်းရည်ကိုမြင့်တင်ပါ။အချိန်တိုင်း နေရာတိုင်းမှာ နားထောင်နေလို့ရမယ့် English သီချင်းလေးတွေကလည်း Listening skill မြှင့်တင်ဖို့အတွက် အသုံးဝင်ပါတယ်။အချိန်အားတိုင်း နားထောင်နေမယ်ဆိုရင် တဖြည်းဖြည်း နားရည်ဝလာပြီး ပိုမိုတိုးတက်လာမှာပါနော်။

4) Listening Application လေးတွေနဲ့ တိုးတက်အောင်လုပ်မယ် ✨

1. BBC-Learning English

2. Luke's English Podcast

3. Learn English Elementary Podcasts

4. Voice of America (VOA)

5. English Listening and Speaking 

ဒီ application လေးတွေကတော့ အသုံးများပြီး ထိရောက်တဲ့ application လေးတွေဘဲ ဖြစ်ပါတယ် 

5) English Listening သင်တန်းတွေကို sign up လုပ်ကြည့်ပါ ✨ 

သင်တန်းမှာ ကြောက်စိတ်ရှိမနေဘဲ မိမိကိုယ်ကို ယုံကြည်မှုရှိပါ မှားမှာကို မကြောက်ပါနဲ့ သင်ဟာ တက်ကြွတဲ့ Participant တစ်ယောက် ဖြစ်နေပါစေ။

Listening ကို တိုးတက်အောင် လေ့လာချင်အားဖြင့် မိမိရဲ့ pronounciation, vocabulary skills, intonation skills တွေကိုပါ အလိိုလိုတိုးတက်အောင်အကူအညီဖြစ်စေပါတယ်