Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

IELTS Speaking Tests တွေမှာ အမှတ်ကောင်းအောင် ဘယ်လိုလေ့ကျင့်ကြမလဲ?

IELTS Speaking Tests တွေမှာ အမှတ်ကောင်းအောင် ဘယ်လိုလေ့ကျင့်ကြမလဲ?
How do you score high in an IELTS Speaking  test?

၁.ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ ကိုယ်ပိုင်ယုံကြည်မှု မရှိရင်တောင် ရှိဟန်ဆောင်ပါ။

သင့်ပုံစံက ကြောက်နေတာ စိတ်လှုပ်ရှားတုန်လှုပ်နေတာ အရမ်းပေါ်လွင်နေရင် ဘယ်သူကမှ သင့်ကို အထင်ကြီးမှာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူကို လူတိုင်းကများသောအားဖြင့် အထင်ကြီးတတ်ကြတယ်။ ဒါဟာ ပြိုင်ပွဲရဲ့ ၅၀%လောက်ကို ကိုယ့်ဘက်က နိုင်ဖို့သေချာသွားတာပါပဲ.

BE CONFIDENT OR AT LEAST LOOK CONFIDENT.

Nobody is impressed by people who look unsure, scared or nervous. Looking confident is winning half the battle.

၂.စာစစ်သူပြောတဲ့စကားတွေကို ဂရုတစိုက်နားထောင်ပါ။

ကိုယ်နားမလည်တဲ့ မေးခွန်းဆို ပြန်မေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်က မေးခွန်းကို နောက်တစ်ခါ ထပ်ပြောခိုင်းမယ့်အစား ပထမတစ်ခါမှာတင် ဂရုတစိုက်နားထောင်ပြီး သေချာနားမလည်လို့ပြန်မေးတဲ့အခါ "So what you are asking is about....", "The issue that I am supposed to discuss is...." ဆိုပြီး သူမေးတဲ့မေးခွန်းကို တိတိကျကျ နားလည်အောင်မေးတာ ပိုကောင်းပါတယ်။

LISTEN ATTENTIVELY TO THE EXAMINER.

You can ask the examiner to repeat the question but it is better to clarify a few things in the question with the examiner instead of asking him or her to repeat the whole question or bluff around, not sure of what has been asked.

Use phrases like, 'So what you were asking is about ....'; 'The issue that I am supposed to discuss is ..., is that correct?'

၃. နှုတ်ဆိတ်မနေပါနဲ့။

ကိုယ်မလေ့လာခဲ့တဲ့ခေါင်းစဥ်တွေ ဖြေရရင်တောင် နှုတ်ဆိတ်မနေပါနဲ့။
နှုတ်ဆိတ်နေတာဟာ Oral Interview မှာ အဆိုးရွားဆုံးပါပဲ။
ကိုယ်မလေ့လာခဲ့တဲ့ ခေါင်းစဥ်ဖြစ်နေရင်တောင်မှ "That's an interesting question." , "Let me think about it." , " I have never thought of this issue in the past but I will try my best to answer it." ဒီလိုစကားလေးတွေနဲ့ အစပျိုးပြောသင့်ပါတယ်။ ဒီလိုဆို စာစစ်သူတွေဟာလည်း ကိုယ့်ကို ဖြေဆိုနိုင်အောင် အကူအညီပေးကြတာ တွေ့ရမှာ ဖြစ်ပါတယ်။

DON'T KEEP SILENT.

Silence is the worst thing that could happen in the oral interview. If you cannot answer the question raised straight away, you need to buy time by using phrases like 'That's an interesting question'; 'Let me think about it'; 'I have never thought of this issue properly in the past but I will try my best to answer it'.

These beginnings may have nothing related to the question but at least they have help you to think about the question while you continue interacting with the examiner.

၄. စာကြောင်းတွေကို Complex structure နဲ့တည်ဆောက်ပါ။

Simple Grammar တွေသုံးမယ့်အစား Complex Grammar တွေ အသုံးပြုကြည့်ပါ။
ဥပမာ relative clause တွေဖြစ်တဲ့ which, who , that တို့နဲ့ အစပြုတာ၊ စကားဆက်တွေဖြစ်တဲ့ because , as , since တို့နဲ့လည်း အသုံးပြုတာမျိုး လုပ်ပါ။
Cohesive devices တွေ ဖြစ်တဲ့ in addition, besides , however တို့ အသုံးပြုတာမျိုး adverbial phrases တွေဖြစ်တဲ့ more importantly, personally , in fact စတာတွေ အသုံးပြုပေးတာမျိုး လုပ်သင့်ပါတယ်။

TRY TO USE COMPLEX STRUCTURES

Use complex grammar i.e. relative clauses that start with 'which, who, that' or 'because, as, since etc.'. You can also use cohesive devices e.g. in addition, besides, however or you can make use of some adverbial phrases like, 'more importantly, in fact, personally' at the start of the sentences.

၅. High level စာလုံးတွေ များများအသုံးပြုပါ။

Elementary level စာလုံးတွေအစား High level စာလုံးတွေ များများ အသုံးပြုပေးပါ။
ဥပမာ Pretty ကို သုံးမယ့်အစား Attractive , Gorgeous , Charming စတဲ့စာလုံးတွေ အသုံးပြုပေးပါ။

5) TRY TO USE HIGH LEVEL WORDS

Instead of elementary level vocabulary like pretty, use words like, 'attractive, stunningly attractive, gorgeous or charming'

၆. ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို သေချာဖော်ပြစေမယ့် စကားလုံးတွေကို ရွေးချယ်အသုံးပြုပါ။

Good , bad, simple စတဲ့ General ပြောတဲ့ စကားလုံးတွေအစား တိတိကျကျဆိုလိုရင်းရောက်စေတဲ့ စကားလုံးတွေကို ရွေးချယ်ပါ။
ဥပမာ A good meal လို့ သုံးမယ့်အစား Good ဆိုတဲ့ အဓိပ္ပါယ်မှာ Delicious ကိုပြောချင်တာလား hygienic ဖြစ်တာကိုပြောချင်တာလား Tasty and spicy ဖြစ်တာကိုပြောချင်တာလား သေချာကွဲပြားစေမယ့် စကားလုံးကို ရွေးချယ်သုံးသင့်ပါတယ်။

 BE SPECIFIC

Use specific, most appropriate words for the context. Do not use general terms like, 'good, bad or simple'. What do you mean by 'good' when you say a good meal? Do you mean. 'a delicious meal, a hygienic meal or tasty and spicy? Have those high level words up your sleeves, meaning have those high level words in your repertoire.

၇. အင်္ဂလိပ်စာကို သက်တောင့်သက်သာနဲ့ ပြောနိုင်တဲ့အထိ လေ့ကျင့်ပါ။

အင်္ဂလိပ်စာဟာ First language မဟုတ်တဲ့အတွက် အသုံးပြုရတာ အခက်တော့တွေ့မှာပါပဲ။
ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်အလုပ်မှာ ပုံမှန်အသုံးပြုပြီးပြောပေးရင် တဖြည်းဖြည်းနဲ့ ပြောရတာ သက်တောင့်သက်သာရှိလာမှာပဲ ဖြစ်ပါတယ်။ ကိုယ်တကယ် စာမေးပွဲမှာလည်း များစွာ အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။

7) BE COMFORTABLE OR LOOK COMFORTABLE WITH THE LANGUAGE YOU ARE USING

I know that English is not your first language and therefore you may ask me, 'how can you expect me to be comfortable using this L2?'. However, all the high score achievers are or at least look comfortable with the language. At least you need to look like (unless you are) as if you were using it regularly in your social contexts or in your job with little or no effort.

8. အတွေးအခေါ်မတူတိုင်းလည်း သင်မှားနေတာ မဟုတ်ပါဘူး။

Part 3 မှာဆို Examiner နဲ့ Discussion လုပ်ရတဲ့အခါ အတွေးအမြင်တွေမတူတဲ့အခါ မစိုးရိမ်ပါနဲ့။ ဒါဟာ Language test သာဖြစ်တဲ့အတွက် ကိုယ့်အတွေးအမြင်ကို ဥပမာတွေ သက်သေပြချက်တွေသုံးပြီး လွတ်လပ်စွာချပြနိုင်ပါတယ်။

8.  IT IS NOT WRONG IF YOU HAVE A DIFFERENT OPINION

Part 3 is a discussion part with some prompt questions from the examiner, but it is perfectly okay to have different opinions because it is a language test and not a test on particular subjects. It is your responsibility to be clear about where you stand with examples and justifications.

#AIMS
#IELTS 
#ieltspreparation
 #ieltsspeaking