Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013
Showing posts with label Presentation Tips. Show all posts
Showing posts with label Presentation Tips. Show all posts

Presentation လုပ်တဲ့အခါ "အတွေးလွန်ပြင်ဆင်မှု"

The Myanmar Education Guide

ခေါင်းစဥ်ကြည့်ပြီး နည်းနည်းတော့ ကြောင်အမ်းအမ်းဖြစ်နေပါလိမ့်မယ်။ ကျွန်တော်ရေးထားတဲ့ "အတွေးလွန် ပြင်ဆင်မှု" ဆိုတာဘာလဲ ?

လူအများရှေ့ (သို့မဟုတ်) အတန်းထဲမှာ presentation လုပ်တဲ့အခါ ပုံမှန်ပြင်ဆင်ရမယ့် tips တွေကို မျှဝေပေးမှာမဟုတ်ပဲ ကျွန်တော့်တစ်ဦးတစ်ယောက်ထဲအနေနဲ့ ဘာတွေကို တွေးပြီး  ကြိုတင်ပြင်ဆင်လဲဆိုတာကို မျှဝေပေးချင်တာပါခင်ဗျ။

ဒါကြောင့်.....presentation လုပ်တဲ့အခါ လိုအပ်တဲ့ tips တွေ

ဥပမာ.

  • အပြုံးနဲ့စတင်ပါ
  • audience နဲ့ eye contact လုပ်ပါ
  • power point slide တွေကို အသေးစိတ် ဘယ်လိုပြင်ဆင်ပါ

ဒါတွေကိုပြောပြမှာတော့မဟုတ်ဘူးပေါ့နော်။

ကျွန်တော် presentation လုပ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့ tips တွေအပြင် ဘာတွေကို ထည့်သွင်းစဥ်းစားပြီး ပြင်ဆင်လဲဆိုတာကို ပြောပြချင်တာပါ....

ဒါဆို....စရအောင် 

audience ရဲ့ စိတ်ဝင်စားမှုမြင့်တက်လာအောင် ဘာတွေပြင်ဆင်မလဲ?

ပထမဆုံးကျွန်တော်ပြင်ဆင်တာက "စကားလုံးအသုံးအနှုန်း ရွေးချယ်မှု"

presentation လုပ်ရပြီဆိုရင် အနည်းဆုံးတော့ ကိုယ်ပြောမယ့်၊ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာကို ယုံကြည်မှုအပြည့်နဲ့ ချက်ကျလက်ကျပြောနိုင်ဖို့တော့လိုပါမယ်။

ဒီလိုပြောနိုင်ခြင်းဟာလည်း audience ရဲ့ စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေနိုင်တဲ့နည်းလမ်းတစ်ခုပဲလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော့်အနေနဲ့က powerpoint ကို စိတ်ကြိုက် ကိုယ်တိုင်ပြင်ဆင်ပါတယ်။ powerpoint ပြင်ပြီးရင်တော့ ရှိသမျှ slide တွေအကုန်လုံးကို  အနည်းဆုံး (၃) ခေါက်အထိ အပြန်ပြန်အလှန်လှန်ဖတ်ပါတယ်။ (တကယ်လို့ powerpoint ကို ကိုယ်တိုင်မပြင်ဆင်ခဲ့ဘူးဆိုလည်း သူများလုပ်ပြီးသားကို သေချာ ပြန်ဖတ်ထားစေချင်ပါတယ်။) ဒီလိုဖတ်ကတည်းက presentation လုပ်တဲ့အခါ"ဘယ်နေရာမှာတော့ ဘယ်လို စကားလုံးလှလှတွေကိုသုံးမလဲ"၊ "ဘယ်နေရာမှာတော့ ဘယ်လိုရယ်စရာကောင်းတဲ့ ဟာသတွေပြောမလဲ" "ဘယ်နေရာမှာတော့ ဘယ်လိုဥပမာတွေနဲ့ ဆက်စပ်ရှင်းပြမလဲ" ဒါတွေအားလုံးကို ကြိုတင်စဥ်းစားထားပါတယ်။ Presentation လုပ်တဲ့အခါ ဒီလိုပြေပြေပြစ်ပြစ်နဲ့ ရသစုံပြောနိုင်ခြင်းဟာလည်း audience ရဲ့ attention ကို အလွယ်တကူရယူနိုင်တယ်လို့ ယူဆထားလို့ပါ။

ဒုတိယအနေနဲ့ ကျွန်တော်အလေးထားတာက "ကျွမ်းကျင်ပိုင်နိုင်မှု"

ဒါက ကျွန်တော်အပေါ်မှာ ပြောပြထားသလိုပါပဲ။ ကိုယ်ပြင်ဆင်ထားတဲ့ powerpoint ကို ​အသေးစိတ် အလွတ်ရသလောက်နီးပါး ဖတ်ပါတယ်။ ဘယ် slide မှာ ဘာရှိတယ်။ animation တွေကို ဘယ်နေရာမှာသုံးထားလဲ။ ဒီ slide ပြီးရင် နောက်ထပ် slide က ဘာလဲဆိုတာကို သိတဲ့အထိ လေ့ကျင့်ပါတယ်။ ကျွန်တော် ဘာကြောင့် ဒါတွေလုပ်ရသလဲ? powerpoint slide အကုန်လုံးကို အလွတ်နီးပါး ရထားတဲ့အတွက် ကိုယ်က audience ကို ကြည့်ပြီး ပြောနေတဲ့အချိန် ကိုယ့်လက်ထဲက pointer ကနေ တစ်ခုပြီးတစ်ခုပြောင်း projector screen ကို အချိန်ပြည့်ကြည့်စရာမလိုပဲ ကိုယ်ပြောတဲ့စကားတွေက screen ပေါ် မှာ မြင်နေရတာတွေနဲ့ အံကိုက်ဖြစ်စေပါတယ်။

အ​ကြောင်းအရာပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့အပြင် ဒီလို presentation style နဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို  audience ကို ပြသခြင်းဟာလည်း သူတို့ရဲ့ attention ကိုရနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုလို့ ကျွန်တော်မှတ်ယူထားလို့ပါ။

 နောက်ထပ် ကျွန်တော်ပြင်ဆင်တာက "PPT file သိမ်းဆည်းမှု"

ကျွန်တော်တို့ ပြင်ဆင်ထားပြီတဲ့ PPT file ကို  memory stick နဲ့ တစ်ခု CD ခွေနဲ့တစ်ခု Mobile phone နဲ့တစ်ခု နောက်ထပ် Drive ပေါ်မှာ upload လုပ်ပါတယ်။ စုစုပေါင်း (၄) နေရာမှာ file ကိုသိမ်းဆည်းပါတယ်။ presentation လုပ်မယ့်နေရာမှာ memory stick သာ အခန့်မသင့်လို့ virus ကိုက်သွားခဲ့ရင် internet ရတဲ့နေရာမှာဆိုရင်တော့ Drive ကနေပြန်ယူလို့ရပါတယ်။ မဟုတ်ရင်တော့ CD ခွေကို အသုံးပြုနိုင်ပါတယ်။ ဖုန်းထဲထည့်ထားတာကတော့ presentation မလုပ်ခင်အချိန်မှာ ကြည့်ချင်တဲ့အချိန် ပြန်ကြည့်လို့ရနိုင်အောင်ပါ။ (internet ခေတ်ကြီးမှာ ဒီအပိုင်းကိုတော့ အထူးဂရုပြုစရာတော့ မလိုပါဘူး။)

နောက်ထပ်ပြင်ဆင်တာကတော့ "audience အတွက် အနားပေးမှု"

ကျွန်တော်ဘာလို့ ဒါကိုထည့်သွင်းစဥ်းစားရသလဲ? presentation လုပ်တဲ့အခါ ရှေ့​မှာ ပြောနေသူတစ်ဦးထဲ မောတာမဟုတ်ပါဘူး။ ပြောသမျှကို နားထောင်ပြီး မှတ်ဉာဏ်ထဲထည့်နေရတဲ့ audience တွေလည်း မောနိုင်ပါတယ်။ ဒါကြောင့် powerpoint ရဲ့ အလယ်လောက်မှာ audience တွေအနားယူနိုင်ဖို့ အချိန် ပေးလိုက်တာမျိုးမဟုတ်ပဲ ကိုယ့် presentation အကြောင်းအရာနဲ့ သက်ဆိုင်တဲ့  audio ဖြစ်ဖြစ်၊ video ဖြစ်ဖြစ် ဖွင့်ပြပါတယ်။ ဒီလိုဖွင့်ပြတဲ့အချိန်မှာ ကိုယ်လည်းအနားယူနိုင်သလို အောက်က audience အတွက်လည်း ပေါ့ပေါ့ပါးပါးဖြစ်သွားစေပါတယ်။ ဒါဟာလည်း စိတ်ဝင်စားမှုကိုရစေနိုင်တဲ့ နည်းလမ်းတစ်ခုလို့ ယူဆထားလို့ပါ။

 ဒီတစ်ခါ ပြင်ဆင်မှုကတော့ ရယ်စရာဖြစ်မယ်ထင်ပါတယ်  ဒါကတော့ "မီးပျက်ရင် ဘာတွေပြောမလဲ"

ကိုယ် presentation လုပ်နေတဲ့အတောအတွင်း မီးသာပျက်ခဲ့ရင် ဘာပြောရမလဲဆိုတာကို ကျွန်တော်ကတော့ ကြိုတင်ပြင်ဆင်ပါတယ် presentation လုပ်နေတဲ့အချိန် မီးပျက်သွားရင် မီးစက်နှိုးတဲ့ခဏအတွင်း  ကိုယ်ပြောနေတာတွေနဲ့ဆက်စပ်တဲ့ ရယ်စရာဟာသတွေပြောရမလား၊ အတွေ့အကြုံတွေပြောရမလား၊ ဒါမှမဟုတ် နောက်ပိုင်းမှာ ဘာတွေပြောဖို့ရှိသေးလည်း intro ဝင်ရမလား၊ ဒါတွေကို အသေးစိတ်စဥ်းစားပြင်ဆင်ထားပါတယ်။ ကျွန်တော် အပေါ်မှာ မျှဝေထားတဲ့ အချက် (၅)ချက်ကိုဖတ်ပြီး ​ရယ်ကောင်းရယ်နိုင်ပါတယ်။ တစ်ကယ်ရော လုပ်ဖို့လိုအပ်လားလည်း မေးကောင်းမေးနိုင်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ လိုက်လုပ်ရမယ်လို့မဆိုလိုပါဘူး။ ကျွန်တော့်အနေနဲ့ ဒီအချက်တွေကို သတိထားပြီး presentation လုပ်ကြည့်တဲ့အခါ  ပိုပြီးထိရောက်တယ်ဆိုတဲ့ အဖြေကိုတွေ့ရှိရလို့ မျှဝေပေးတာပါခင်ဗျာ

 By Min Thway Kyaw