Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

Teaching Tips

Tips for Teaching General English to Adults (Adult Learners များအတွက် General English သင်ကြားနည်းများ) 🤗

🔰 Always use a context to present grammar or vocabulary 🔰
📒 သဒ္ဒါ သို့မဟုတ် ဝေါဟာရသင်ပေးရာတွင် Context တစ်ခုကို အမြဲသုံးပါ။

📒 Contexts challenge the adults.
📒 Context များသည် Adults Learners များအတွက် စိန်ခေါ်မှုသဖွယ် စိတ်ဝင်စားစရာကောင်းစေပါသည်။

📒 The contexts can be interesting listening or reading texts.
📒 Contexts အကြောင်းအရာများသည် စိတ်ဝင်စားဖွယ် Listening and Reading Texts (Current Affairs / Historical Events) တို့ဖြစ်နိုင်ပါတယ်။

🔰 Don’t forget meaning, form, and pronunciation when presenting grammar or vocabulary.🔰
📒 သဒ္ဒါ သို့မဟုတ် ဝေါဟာရတို့ကို သင်ပေးသောအခါ အဓိပ္ပာယ်၊ ပုံစံနှင့် အသံထွက်ကို မမေ့ပါနှင့်။

📒 These are essential in understanding and using words or grammar items.
📒 ထို (၃) မျိုးတို့သည် စကားလုံးများ သို့မဟုတ် သဒ္ဒါအကြောင်းအရာများကို နားလည်သဘောပေါက်စေပြီး အသုံးပြုရာတွင် မရှိမဖြစ်လိုအပ်ပါတယ်။

🔰 Raise the learners’ awareness in terms of formal/informal English 🔰
-in other words appropriately
📒 Formal နှင့် Informal English ကို စာဖတ်သူများသဘောပေါက်နားလည်စေရန် သေချာစွာရှင်းပြပါ။

🔰 Learners need to use the language in the right contexts. 🔰
📒 Language ကိုသင့်တော်စွာ အသုံးပြုမှုသည် ဘာသာစကားတစ်ခုကို သင်ကြားရာတွင် အရေးပါပါတယ်။

🔰 Interact with the learners throughout the lessons either through writing or speaking.🔰
📒 သင်ခန်းစာသင်နေသည့် တစ်လျှောက်လုံးတွင် သင်ယူသူများနှင့် စာရေးခြင်း၊ စကားပြောခြင်းတို့ဖြင့် အပြန်အလှန် Interact ပြုလုပ်ပါ။

🔰 Skills integrated lessons are the best for having a successful lesson.🔰
📒 Skills များအားလုံးပါဝင်အောင် Plan လုပ်ထားသည့် lesson များသည် အောင်မြင်သော သင်ခန်းစာများဖြစ်ရန် အကောင်းဆုံးဖြစ်သည်။
Speaking, listening and reading, and writing skills tasks should be incorporated in one lesson as appropriate instead of teaching only one skill.

📒 Speaking, Listening, Reading and Writing Skills များကို တစ်ခုတည်း ကျွမ်းကျင်အောင် သင်ကြားမည့်အစား သင်ခန်းစာတစ်ခုဆီတွင် Skills များအားလုံးကို ကျွမ်းကျင်အောင် ထည့်သွင်းသင်ကြားသင့်ပါသည်။

#English
#Cambridge
#IELTS