IELTS Reading
အမှတ်မတက်လာဘူးဆိုရင်
Strategies သာကုန် မောင်ပုံ Reading မတတ်ဆိုတာမျိုးဖြစ်နေခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ တချို့လည်း ကျန်တဲ့ skillsတွေရပေမယ့် reading ပဲ ကွက်ဒုက္ခရောက်နေသူတွေရှိတတ်လို့ ဒီစာလေး ရေးလိုက်ပါတယ်။
1. Vocab ဖြည့်ပါ။
IELTS reading မှာ scanning and skimming က reading speed ကိုတိုးတက်စေတာမှန်ပေမယ့် မေးခွန်းပုံစံတော်တော်များများအတွက် အဖြေမှန်မမှန်ဆိုတာကို close reading က အဆုံးအဖြတ်ပေးတာပါပဲ။ အဲ့တော့ close reading မှာနားမလည်ဘူးဆိုရင် ဘာမှလုပ်မရပါဘူး။ ဖြစ်နိုင်တဲ့ အဓိက အကြောင်းတစ်ခုကတော့ vocab အားနည်းလို့ပါ။
2. General Reading ဘက်ပြန်လှည့်ပါ။
Academic reading လုပ်ရတာ ငြီးငွေ့ရင် ကိုယ်စိတ်ဝင်စားတဲ့ fiction, non-fiction တွေဖတ်ပြီး reading skills တိုးတက်အောင်ပြန်လုပ်ပါ။ Graded readers တွေကနေပြန်ဖတ်သင့်ဖတ်ပါ။
3. မှားလေ့ရှိတဲ့ မေးခွန်းပုံစံအတွက် သီးသန့် strategy တွေကိုရှာပြီးလေ့လာပါ။
Practice ပဲ ခဏခဏလုပ်နေလို့လည်းမရသေးပါဘူး။ ကိုယ်ဘာမှားတတ်လဲဆိုတာ reflect လုပ်ရပါမယ်။ မေးခွန်းကလိုချင်တာ ဘယ်မေးခွန်းဆို ဘယ်အထာဆိုတာကို သိအောင်လုပ်ပါ။ ဥပမာ True/ False/ Not Given မှာဆို စာကြောင်းတစ်ကြောင်းလုံးရဲ့ အမှား အမှန်ကို ပိုင်းဖြတ်ပေးတဲ့ controlling words တွေပါပါတယ်။ အဲ့တာတွေကို မြင်အောင်ကြည့်တတ်အောင်လုပ်ပါ။
4. Reading speed တက်အောင်လုပ်တဲ့ techniques တွေလေ့လာပါ။
တချို့က အချိန်မလောက်တတ်တာကြောင့် မဖြေနိုင်တာမျိုးဖြစ်တတ်ပါတယ်။ မျက်လုံးကို အလေ့အကျင့်လုပ်ပါ။ အချိန်မြန်မြန်ဖြေနိုင်ရင် စဉ်းစားချိန်ပိုရလို့ ပိုမှန်နိုင်ခြေရှိပါတယ်။
5. လျှမ်းတတ်တဲ့ အကျင့်ဆိုးတွေကိုဖျောက်ပါ။
တချို့က ရှေ့နောက်စာလုံးတွေကို သေချာမဖတ်ဘဲ မေးခွန်းထဲပါပြီးသား စာလုံးကို ထည့်မိတာ၊ တချို့က သေသေချာချာမိမိရရတွေ့အောင်မဖတ်တော့ဘဲ ဒီလိုတော့ဖြစ်မှာပဲဆိုပြီး ရမ်းတုပ်တတ်တာ၊ တချို့က paper based မှာ အဖြေကို ကူးထည့်တဲ့အချိန်မှားထည့်တာမျိုးတွေလည်းဖြစ်တတ်ပါသေးတယ်။ ပျာတတ်တဲ့ အကျင့်တွေကိုလျှော့နိုင်အောင်လေ့ကျင့်ဖို့လိုနေတာပါ။
Reading Band 9 နဲ့ကပ်ကပ်ပြီးလွဲနေသူတွေအတွက်လည်း အသုံးဝင်မယ်လို့ထင်ပါတယ်။
