Phrasal verbs တွေစသုံးတတ်တာဟာ ဘာသာစကားသင်တဲ့နေရာမှာ အပြောပိုကောင်းလာဖို့ တစ်ဆစ်ချိုးဖြစ်ပါတယ်။ phrasal verb တွေရဲ့သဘောတရားကိုနားလည်ရင် ပိုပြီးလေ့လာလို့လွယ်တာဖြစ်တာကြောင့် phrasal verb တွေအကြောင်းနည်နည်းရေးလိုက်ပါတယ်။
Phrasal verbတွေနဲ့တွဲသုံးကြတဲ့အခါ
off ရဲ့ သဘောက ဝေးကွာတဲ့သဘော မဖြစ်တော့တဲ့သဘောကိုဆောင်လေ့ရှိတယ်။
အဝတ်အစားနဲ့ Put on ဆို ဝတ်တာဖြစ်ပြီး take off ဆိုချွတ်တာဖြစ်တယ်။ ကပ်တဲ့ ခွါတဲ့သဘောကိုမြင်နေရတယ်။
The plane took off. ဆို လေယာဉ်ပျံတက်သွားတယ် ဆိုတော့ ဒီမှာ off က လေယာဉ်ပျံက မြေကြီးက ကွာသွားဝေးသွားတာကို ပြောတာဖြစ်တယ်။
Keep off the grass. မြက်ခင်းပေါ်မနင်းရ လို့ ဘာသာပြန်ရပေမယ့် တိုက်ရိုက်သဘောကတော့ မြက်ခင်းနဲ့ ဝေးဝေး နေပါလို့ပြောတာပေါ့။
Put off ဆို အချိန်ဆိုင်းလိုက်တယ် လို့ဘာသာပြန်ကြတယ်။ အချိန်ကိုဝေးသွားအောင်လုပ်လိုက်တယ်ပေါ့။
ကြယ်သီးတွေ ဘာတွေ come off ဆို ပြုတ်ထွက်တယ်ပေါ့။ ကြယ်သီးနဲ့ အင်္ကျီနဲ့ဝေးသွားတာကိုပြတယ်။
cut off ဆို ရိုးရိုးညှပ်တာ ခုတ်တာမဟုတ်ဘဲ ညှပ်ထုတ်ပစ်တယ်၊ ခုတ်ဖြတ် ပစ်တယ်ဆိုတဲ့သဘောပါ။ တခြားစီဖြစ်သွားတာကိုပြတာပေါ့။
အကြွေးပေးတဲ့အခါ pay off ဆိုရင် အကြေ ဆိုတဲ့အဓိပ္ပါယ်ပါပါတယ်။ အပြီး ပေးလိုက်တယ်၊ ကိစ္စပြတ်ဆိုတဲ့သဘောပေါ့။
📌On ရဲ့ သဘောကတော့ အပေါ်မှာပြောခဲ့သလိုပဲ ဆက်လုပ်ဆက်ဖြစ်တဲ့ သဘောကို ဖော်ပြလေ့ရှိတာပေါ့။
go on. ဆက်သွား၊ ဆက်ပြော
keep on Ving ဆက်လုပ်တယ်။
move on. အတိတ်ကိုမေ့လိုက်နိုင်ပြီ (ရှေ့ဆက်သွားပြီ)
📌At ကို phrasal verb တေမှာ သုံးတဲ့အခါ တစ်ခုခုကို ချိန်ရွယ်တဲ့ သဘော target ထားတဲ့ သဘောပါတယ်။
Shoot at တစ်ခုခုချိန်ပြီးပစ်တယ်။
Bark at ဆို တစ်ခုခုကိုဟောင်တာ။ သူ့ဘာသာဟောင်တာ်ဟုတ်ဘူး။
The dog is barking at a man with a bag.
အိတ်နဲ့လူကို ထိုးဟောင်နေတယ်။
throw at ဆို မှန်အောင် ပေါက်တာ ပစ်တာ
He threw the ball at me. ဆို ဘောလုံးနဲ့ပေါက်တယ်။
He threw the ball to me. ဆို ပစ်ပေးတယ်လို့ပြောတာဖြစ်တယ်။
📌up ကတော့ အပေါ်တက်တာအတွက် သုံးသလို ပြည့်သွားတဲ့သဘော လစ်မစ်ထိတဲ့သဘောသုံးတတ်တယ်။
This cupboard takes up a lot of space.
နေရာအတော်ယူတယ်။
Fill up the tank. တိုင်ကီ အပြည့်ဖြည့်
Close up လူမျက်နှာကို အနီးကပ် အပြည့်ရိုက်တဲ့ဓာတ်ပုံ
Time is up. အချိန်ပြည့်ပြီ။
I will catch up. မီအောင်လိုက်လာမယ်။
Keep up. အမီလိုက်။ သူများလုပ်သလောက်ရအောင်လုပ်။
I have used up all my salary before the month is out.
လကမကုန်သေးဘူး လစာက ကုန်ပြီ။ 😬
