Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

IELTS computer based

IELTS ကို Computer based format နဲ့ရင်းနီးအောင်လုပ်လို့ရမယ်ဝက်ဘ်ဆိုက်များ 
https://ieltsonlinetests.com/ 
ဒီဝက်ဘ်ဆိုက်မှာ test တွေအပြင် Free live lessons တွေလည်း ရှိတာမို့ အချိန်ကြည့်ပြီး join လို့ရပါတယ်။ format ကလည်း reading ဆို  စာပိုဒ်က ကော်လံတစ်ခု မေးခွန်းက ကော်လံတစ်ခုနဲ့ computer based format နဲ့ဆင်တူပါတယ်။ 

https://www.examenglish.com/IELTS/index.html 
skill တစ်ခုချင်းစီအတွက် တစ်ပိုင်းချင်းစီ test တွေဖြေကြည့်လို့ရတဲ့ အပြင် articles တွေ tips and apps တွေပါ ရှိလို့သူကလည်း စုံလင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုပါပဲ။ test တွေက interactive format ဖြစ်တာကြောင့် ဖြေရတာအဆင်ပြေပါတယ်။ 
IELTS ရဲ့ official website မှာတော့ https://www.ielts.org/for-test-takers/sample-test-questions Sample test questions တွေကို ရိုးရိုး pdf format နဲ့ရနိုင်ပါတယ်။ 

https://ielts.com.au/australia/prepare/ielts-test-preparation-practice-tests-material/academic
IELTS ရဲ့ owner သုံးဦးထဲက တစ်ဦးဖြစ်တဲ့ Australia IDP ရဲ့ website ပါ။ ပေးထားတဲ့ link အတိုင်းဆိုရင်တော့ practice လုပ်လို့ရမယ့်နေရာတွေကို တန်းရောက်သွားပါလိမ့်မယ်။ အခြားtips  video တွေလည်းရှိလို့ website ကိုမွှေကြည့်ကြည့်စေချင်ပါတယ်။ reading practice ဆိုရင် computer based format အတိုင်းဖြစ်လို့ computer based ဖြေမယ့်လူတွေအတွက် သင့်တော်ပါတယ်။ 
Computer Based အတွက်က British Council website  https://takeielts.britishcouncil.org/take-ielts/prepare/ielts-on-computer မှာလည်း စမ်းကြည့်လို့ရပါတယ်။ 
Writing sample answers ရတဲ့ website တွေ

https://ieltsliz.com/ielts-writing-task-1-lessons-and-tips/ 
ဖြေတဲ့သူတော်တော်များများလည်း သဘောကျကြတဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ sample essay တွေအပြင် topics အလိုက် https://ieltsliz.com/vocabulary/Vocab တွေစုပေးထားတာလည်းရှိလို့ သဘောကျစရာကောင်းပါတယ်။ 

https://www.ieltsbuddy.com/
နောက်ထပ် sample essay ကြည့်လို့ရတဲ့ website တစ်ခုပါ။ အခြားဝက်ဘ်ဆိုက်တွေလိုပဲ lesson တွေstrategiesတွေပေးထားပါတယ်။ 

Writing လေ့ကျင့်ဖို့ ဝက်ဘ်ဆိုက် 
www.writeandimprove.com
ကိုယ့်ရဲ့အရေးအသား တိုးတက်ဖို့ လေ့ကျင့်ချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့ Cambridge ရဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ စာစစ်ပေးပြီး အမှတ်သတ်မှတ်ပေးလို့ အများကြီး အသုံးတည့်ပါတယ်။  IELTS format ချည်းပဲ မဟုတ်လို့ ကျန်တဲ့ ပုံစံတွေလည်းလေ့ကျင့်လို့ရပါတယ်။