Exam Fee က စျေးကြီးလို့ IELTS ကို အစမ်း ကြိုဖြေချင်သူများ အတွက် Free Mock Test Websites တွေကို မျှဝေပေးလိုက်ပါတယ်။🤩
များများ လေ့ကျင့်မှ မြန်မြန် တိုးတက်မှာနော်❤
✅Best My Test
IELTS Practice Tests, Mock Tests, Sample Tests, Exam Preparation, Lessons and Tips အကုန်လုံး ဒီ Website မှာ ရတယ်။ Exam Simulation ရအောင် တစ်ခါ ဖြေရင် အချိန် ၂ နာရီခွဲ ပေးရပါမယ်။ Academic ရော၊ General Training ရော လေ့ကျင့်လို့ ရတယ်နော်
https://www.bestmytest.com/ielts/test
✅IELTS Up
Skills တစ်ခုချင်းစီကို အရင် ခွဲပြီး ဖြေရမယ် ... ဥပမာ - Listening ဖြေပြီးတော့ "Get Result" ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Band Score ထွက်လာပါလိမ့်မယ်။ ဘယ်လို အမှတ်ကောင်းအောင် ဖြေရမလဲ ဆိုတာကိုလည်း Skills တစ်ခုချင်းစီ ခွဲပြီးတော့ Tips ပေးထားပါတယ်။ Academic အတွက်ပဲ ဖြေလို့ရမယ်နော်
https://ielts-up.com/listening/ielts-listening-practice.html
✅IELTS Buddy
ဒီ Website က မေးခွန်း ပုံစံ အတိုင်း ဘယ်လို ဖြေရမလဲ ဆိုတာ Guidelines ပေးပြီးမှ Test ဖြေခိုင်းတယ်။ Exam Format ကို တစ်ခါတည်း မှတ်သားနိုင်သလို ဖြေနေရင်း နားမလည်တာမျိုး မကြုံရတာဘူးပေါ့။ Academic / General ၂ မျိုးလုံး ဖြေလို့ရ … ဖြေပြီးတာနဲ့ တစ်ခါတည်း Band Score ထုတ်ပေးပါတယ်။
https://www.ieltsbuddy.com/ielts-practice-tests.html
✅Mini IELTS
Mini ဆိုတဲ့ နာမည် အတိုင်း 4 Skills လုံး ဖြေလို့ မရပါဘူး … Listening နဲ့ Reading ပဲ ဖြေလို့ရတယ်။ အားသာချက်ကတော့ ကြိုက်သလောက် ဖြေလို့ ရတဲ့ Test တွေ အများကြီး ရှိတယ်။ ပြီးတော့ Free ဖြေလို့ရမယ် … Register တောင် လုပ်စရာ မလိုပါဘူး။ ဖြေပြီးသွားလို့ အဖြေကို သိချင်ရင် View Solution ကို နှိပ်ပြီး ကြည့်လို့ ရတယ်။
https://mini-ielts.com/
✅Official IELTS by IDP
Exam Format အကြောင်း သေချာ သိချင်ရင် ဒီ Website ကို ပြေးကြည့်လိုက်ပါ။ ကိုယ် သိချင်တာ အကုန် ရှင်းရှင်းလင်းလင်း သိသွားလိမ့်မယ်။ ပြီးတော့ Sample Test ကို နှိပ်လိုက်ရင် ကိုယ် ဖြေလို့ရမယ့် Practice Test တွေ ကျလာလိမ့်မယ်။ အဓိက Mock Test ထက် Tips နဲ့ Lessons တွေ ပိုများတယ်။
https://ielts.idp.com/romania/prepare/article-free-practice-tests
✅IELTS Online Tests
ဒီ Website မှာ Mock Test လာဖြေတဲ့ ကျောင်းသားပေါင်း ၂သန်းကျော် ရှိတယ် ဆိုတော့ ဘယ်လောက်ကောင်းလဲ စဥ်းစားကြည့်ပေါ့နော်။ Mock Test ပေါင်း ၁၀၀ ကျော် ရှိလို့ စိတ်ကြိုက် လေ့ကျင့်လို့ရမှာပါ … ဒါတင်မကသေးဘူး … Skill တစ်ခုချင်းစီ အတွက် Free လုပ်ပေးနေတဲ့ Live Session တွေလည်း ရှိတော့ ကိုယ် စိတ်ဝင်စားတာ ရှိရင် Join လို့ ရပါသေးတယ်။
https://ieltsonlinetests.com/
✅IELTS Org USA
Listening, Academic Reading, General Training Reading, Academic Writing, General Training Writing, Speaking ဆိုပြီးတော့ Test အများကြီး ရှိတယ်။ ကြိုက်တာဖြေပေါ့ … Test Format လည်း ပါပြီးသား Answer Key လည်း ရှိတော့ ဖြေပြီး စစ်ရုံပဲ။
https://www.ielts.org/usa/ielts-practice-test
✅Take IELTS British Council
British Council က ထုတ်ထားတဲ့ Website ဆိုတော့ ဒီက Test တွေက ဖြေလို့ အကောင်းဆုံးပဲ။
https://takeielts.britishcouncil.org/take-ielts/prepare/free-ielts-practice-tests
✅Test Glider
ဒီ Website မှာ IELTS Mock Test ဖြေလို့ ရသလို TOEFL Test လည်း အခမဲ့ ဖြေလို့ ရပါတယ်။
အခုလောလောဆယ် Writing Test ပဲ ဖြေလို့ ရပေမယ့် နောက်ပိုင်းကျရင် Skills (4) ခုလုံးအတွက် Full Mock Test ဖြေလို့ ရမှာပါ။ Academic Test တစ်ခုတည်းသာ ဖြေလို့ရပါတယ်။
https://www.testglider.com/?gclid=Cj0KCQjwuMuRBh
ကိုယ့်အတွက် အကျိုးရှိတယ် ဆိုရင် Share ပေးခဲ့ဦးနော် 🥰
