Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

ကိုယ်ရေးထားတဲ့ writing တွေကို ပုံစံနောက်တစ်မျိုးနဲ့အဆင့်မြင့်အောင်ရေးချင်လား။📝Topicလေးထည့်လိုက်ရုံနဲ့ Essayတစ်ပုဒ်လုံးရေးပြီးသားဖြစ်သွားစေချင်လား။🪄

ကိုယ်ရေးထားတဲ့ writing တွေကို ပုံစံနောက်တစ်မျိုးနဲ့အဆင့်မြင့်အောင်ရေးချင်လား။📝
Topicလေးထည့်လိုက်ရုံနဲ့ Essayတစ်ပုဒ်လုံးရေးပြီးသားဖြစ်သွားစေချင်လား။🪄
Pdf fileတွေကို editလုပ်ချင်လား။ 
Pdf fileကနေအခြား fileပုံစံတွေပြောင်းလား။
Photoတွေ Videoတွေ editလုပ်ချင်လား။📽

ဒါတွေအားလုံးကိုတစ်နေရာတည်းမှာအလွယ်တကူလုပ်နိုင်မယ်ဆိုရင်ရော...🙀!?

ဒီနေ့အတွက် editing toolsမျိုးစုံ 100% 🆓 ရနိုင်မယ့် tinywow ဆိုတဲ့ websiteလေးအကြောင်း ပြောပြပေးသွားပါမယ်။🥳

🔗 tinywow.com 
ဒီlinkလေးကနေတိုက်ရိုက်၀င်ပြီး စမ်းသုံးကြည့်နိုင်ပါတယ်ရှင်။

ဒီ website လေးကအသုံးပြုရလည်းလွယ်ပြီး account မဖွင့်လည်းသုံးလို့ရတာကြောင့် ခက်ခက်ခဲခဲ steps တွေအများကြီးမကြိုက်တဲ့သူများအတွက် ကွက်တိပါပဲ။😎

နောက်တစ်ချက်က ဒီwebsiteမှာ fileတစ်ခုကိုeditလုပ်ဖို့ uploadလုပ်ရင်severကနေပြန့်သွားနိုင်လားဆိုရင်........
Noပါ။🙅‍♀️ 
Upload လုပ်တဲ့fileတိုင်းကို processပြီးတာနဲ့ တစ်နာရီအကြာမှ Auto delete ပေးပါတယ်။ ဒါကြောင့် privacy အတွက်ကတော့ 100% safeပါပဲ။🔐
(ဒါပေမဲ့....⚠️တစ်ခုရှိတာက history 
မကျန်တာကြောင့် editပြီးတာနဲ့ download ဖို့မမေ့နဲ့ပေါ့နော်။) 💢

‌ဒါဆိုရင်တော့ အသုံးပြုပုံကိုသွားရအောင်......

 👉ပထမဆုံး tinywow.com လို. google မှာရိုက်နှိပ်လိုက်ပါ။
Website ထဲကိုရောက်သွားပြီဆိုရင် ကိုယ်လုပ်ချင်တဲ့ toolကိုရွေးပါ။

ကိုယ်ကPDF fileကို edit လုပ်မယ်ဆိုရင်အပေါ်ဘက်barက pdfဆိုတာကိုနှိပ်လိုက်နဲ့သူနဲ့ပတ်သက်တဲ့ tools တွေကျလာမှာပါ။

ကိုယ်လုပ်မယ့်processအရ toolတစ်ခုရွေးပြီးfileကို upload လုပ်ကာ editလုပ်သည်ဖြစ်စေ အခြားfile typeပြောင်းသည်ဖြစ်စေပြုလုပ်နိုင်ပါပြီ။
💁‍♀️Image, Video, File တွေကိုeditလုပ်မယ်ဆိုရင်လည်းထိုနည်းတူပါပဲ။

နောက်ဆုံးတစ်ခုကတော့ AI writingပါ။
သူကတော့ တကယ်ကိုမိုက်ပါတယ်။🥹

ကိုယ်လိုချင်တဲ့ writing ပုံစံ (paragraph or essay)ကို topicရိုက်ထည့် ကိုယ်လိုချင်တဲ့ပုံရွေးလိုက်ရင် AIကရေးထားတဲ့essayတစ်အပုဒ်ကျလာမှာပါ။

အဲ့ဒါအပြင် sentence rewriter, grammar fixer တွေလိုမျိုး ကိုယ်ရေးပြီးသား writing တွေကိုလည်းimproveလုပ်နိုင်ပါတယ်။

ဒါ့အပြင် အခြားသောtoolsတွေအများကြီးလည်းရှိသေးတာမို့ ကိုယ်တိုင်သာcheckကြည့်ကြပါနော်။✅

#YourEducationalResearcher
#Content_by_Eaint
#Edit_by Rem