Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

အင်္ဂလိပ်စာ လေ့လာတဲ့အခါ paraphrasing ဆိုတဲ့စကားလုံးကို ကြားဖူးကြမယ် ထင်တယ်နော် ~


တိုတိုတုတ်တုတ် နဲ့ လိုရင်းတိုရှင်း ရောက်အောင် ရေးနည်း၊ဖတ်နည်းကို ပြောတာပါ ။ ✔
English essays ရေးတဲ့အခါကျရင်လည်း paraphrasing လုပ်တတ်မှ မေးတဲ့မေးခွန်းကို ရှည်”ဝေးတွေ မရေးဘဲ တိတိကျကျနဲ့  စာဖတ်သူ ရင်ထဲထိအောင် ရေးတတ်မှာ ဖြစ်ပါတယ် ။ 📝

English writing နဲ့ ခေါင်းရှုပ်နေရတယ်ဆိုရင် AI writing platform “Quillbot” လေးနဲ့ မိတ်ဆက်ပေးမယ်နော် ~ 
Grammarly သုံးဖူးရင် ဒီ platform လေးနဲ့လည်း မစိမ်းလောက်ပါဘူးနော် 🤗 ။ 

Adminသုံးနေကြwebsitesတွေထဲကမှအကြိုက်ဆုံးParaphrasing Website လေးလည်း ဖြစ်ပါတယ်
Website link📌
https://quillbot.com/

Download အသုံးပြုလို့ရမယ့် App လေးတော့မရှိသေးပါဘူးရှင့် ။ 💢

Qillbot ကို CEO Rohan Gupta ကနေပြီးတော့ 2017 မှာ စာရေးသားရာမှာ လွယ်လွယ်ကူကူရေးသားနိုင်ဖို့အတွက်ရည်ရွယ်ချက်ဖြင့်စတင်Launchလုပ်ခဲ့ပါတယ်။

စာသားတွေ၊စကားလုံးတွေကိုသင့်လျော်ဆီလျော်အောင်ပြန်စီပေးဖို့၊, ဆီလျော်မှု မရှိတဲ့စကားလုံးတွေကို အစားထိုးပေးနိုင်ဖို့ အတွက် AIနည်းပညာ ကိုထည့်သွင်းအသုံးပြုထားပါတယ်။ 
Quillbotမှာဆိုရင်တော့အသုံးပြုနိုင်မယ့်Function(6)မျိုးရှိပါတယ်
1. Paraphrasing tool✔
2. Grammar checker✔
3.Plagiarism checker✔
4.Co-writer✔(Quill bot ရဲ့ တခြား Function အားလုံးကို တစ်နေရာတည်းမှာ အကုန်အသုံးပြုနိုင်မယ့်Functionလေးပါ)
5.Summarizer✔
6.Citation generator ✔ တို့ပဲ ဖြစ်ပါတယ်။ 
Co-writer function သုံးမယ်ဆိုရင် အကောင့်ဖွင့်ထားမှ ရမယ်နော်၊ ကျန်တာလေးတွေတော့ ဒီတိုင်း website ဝင်လိုက်တာနဲ့ တန်းသုံးလို့ရပါတယ် ။ 🤩 
ဒါ့အပြင် premium version လေးရှိမှ တစ်ချို့functions လေးတွေ သုံးလို့ရပါတယ်(example - Plagiarism checker) ။ 
ဒါပေမယ့်လည်း Free mode မှာ ပေးထားတဲ့ Function တွေနဲ့ တော်တော်သုံးရပျော်ပါတယ် ။

Quillbot ကို chrome extension, Microsoft word extension လုပ်ထားလည်းရတယ်နော်၊ ဒါဆိုရင် ဘယ် website ဝင်” Quillbot က စာအရေးအသား မှန်မမှန်၊ ဆီလျော်မှု ရှိမရှိ စစ်ဆေးပေးမှာ ဖြစ်ပါတယ် ။ 🤩 
တစ်ယောက်နဲ့ တစ်ယောက် အင်္ဂလိပ်စာ အခြေခံ မတူတော့ 
( American/Canadian/British/Australian )English အဆင်ပြေသလို ပြောင်းသုံးလို့ ရပါတယ်။ 🙆

ကဲဒါဖြင့် တစ်ခုချင်းစီ ဘယ်လိုအသုံးဝင်ကြောင်း အောက်မှာ ရှင်းပြမယ်နော် ။ ဆက်ဖတ်ပေးကြပါအုံးနော် 🤗👇