Warmly Welcome from Fr. M K K D

animated-christmas-angel-image-0013

Essay နဲ့ Writing တွေ အခမဲ့ စစ်ပေးတဲ့ Websites နှင့် Apps များ



Writing ရေးပြီးတိုင်း စစ်ပေးမယ့်ဆရာ အမြဲ ရှိနေဖို့က မလွယ်ဘူးလေ။
အဲ့ဒီတော့ နည်းပညာ လေးတွေလည်း အသုံးချတတ်ဖို့ လိုတယ်။
Spelling Grammar Tone စတာတွေလောက် စစ်ဖို့ဆို Grammarly.com က အတော်လေးအထောက်အကူပြုပါလိမ့်မယ်။ အခြား Websites တွေလည်း ဒီ Post မှာပဲ မျှ‌ဝေပေးမှာပါ။ 
ဒါပေမယ့် အားလုံးအတွက် တကယ်လွယ်ကူသင့်တော်တဲ့  Grammarly.com ကို မသိသေးသူများအတွက် အရင်ရှင်းပြမယ်နော...
(၁)
Phone နဲ့ သုံးလိုသူများအတွက်
PlayStore မှာ Grammar လို့ ရိုက်ရှာပြီး Install လုပ်ရမယ်။ Account လေးဖန်တီးရမယ်။  Sign up/Account လေးဖန်တီးရမယ်။ Sign in လုပ် Setting လိုသလိုထားပေါ့။ ။ 
 English စာရေးတဲ့ အခါ Grammarly keyboard လေးပြောင်းသုံးရုံပါပဲ။ 
 Keyboard ထိပ်က G ပုံစံ အစိမ်းရောင်လေးမှာ Suggestions တွေ Errors correction တွေ ပေါ်လာရင် နှိပ်လိုက်ပါ။ 
သူက Spelling အမှား၊ Grammar အမှားတွေကို အမြဲပြောပြပေးနေတော့ အတော်လေး အထောက်ကူပြုပါတယ်။
ဒါ့အပြင် ကိုယ် သုံးလိုက်တဲ့ Vocab နဲ့ အနက်တူ Synonyms Suggestion လေးတွေလည်း ပေးသေးတယ်။ 
အထူးသဖြင့် Prepositions/collocations မှားတတ်တဲ့ မြန်မာကျောင်းသားတွေ အတွက် ဆို အတော် အထောက်ကူပြုပါတယ်။ 
သူပြောသမျ အမြဲမှန် ၁၀၀ % စိတ်ချရတာ မဟုတ်ပေမယ့် အခြေခံ Grammar/ Collocations အမှား Spelling အမှားတွေကို လူတစ်ယောက်ထက်ကို စေ့စေ့ ရှာပေးတတ်တယ်လို့ ပြောချင်ပါတယ်။
Setting ထားတဲ့ နေရာမှာတော့ US/UK English ကို ကိုယ်အဆင်ပြေရာထားပေါ့။
မြန်မာလိုရိုက်မယ်ဆိုရင်တော့ သုံးနေကြ Keyboard ပြန်ပြောင်းသုံးပေါ့။
(၂)
Computer မှာ သုံးလိုသူများအတွက်
Computer နဲ့ကတော့ အ‌တော်ကို လွယ်ကူ အဆင်ပြေပါတယ်။ Grammarly.com ကိုသွားပြီး Apps ကို Download ဆွဲ  Sign up/Account လေးဖန်တီးရမယ်။Sign in လုပ် Setting လိုသလိုထားပေါ့။ ပြီးရင် အဲ့ဒီ App ကလေးကို ဖွင့်ထား လိုက်တာနဲ့ ဘယ်နေရာမှာ English လိုရေးရေး အမှားတွေကို သူက အနီ line လေးတွေတားပြီး  ပြင်ဖို့  Suggestions ပေးလိမ့်မယ်။ ရေးပြီးတဲ့ အခါလည်း ဘယ်လေသံပေါက် ဘယ် Tone ဖြစ်သွားတယ်ဆိုတာ ပြောပြပေးပါတယ်။ 
Grammarly  ဖွင့်ထား လိုက်တာ နဲ့
email ကို browserထဲရေးရေး
assignment ရေးရေး
word ထဲပဲရေးရေး
powerpoint ပဲလုပ်လုပ် သူက စာရိုက်လိုက်တာနဲ့ ပြင်ပေး စစ်ပေးတော့တာပါပဲ။

အခြား Websites တွေ လည်းများစွာ ရှိပါတယ်။ အများစုကတော့ သူတို့ Websites ထဲသွားသုံးရတာပါ။ 
Apss တွေအနေနဲ့ကတော့ Microsoft Office Word/PowerPoint    မှာ  Speeling and Grammar Check / Proof လုပ်လို့ရတယ်။ Websites တွေကတော့ Plagiarismပါ Check လုပ်ပေးကြတာများပါတယ်။
Essay စစ်ဖို့ အထူးကောင်းတဲ့ 
Virtual Writing Tutor အကြောင်းကိုတော့ သီးခြား Post  နဲ့ မျှဝေပါဦိးမယ်။

Websites အချို့
1.
https://virtualwritingtutor.com/
2.
https://www.easybib.com/grammar-and-plagiarism/#hero
3.
https://writer.com/grammar-checker/
4. 
https://languagetool.org/

EduBurma Essay Writing Course
https://m.facebook.com/story.php?story_fbid=204367048825587&id=100077568789254