Homies လေးတွေအနေနဲ့ Duolingo Exam ဖြေဆိုဖို့ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဆိုရင်တော့ အောက်ကအချက်အလက်လေးတွေကို ဖတ်ကြည့်ဖို့လိုအပ်နေပြီနော်။ ❗👇
🔸တိတ်ဆိတ်ပြီး အလင်းရောင်ကောင်းတဲ့ အခန်းမှာ တစ်ယောက်တည်းဖြေဆိုရပါမယ်။ 💡🏢
🔸ကိုယ့်ရဲ့ မျက်နှာနဲ့ နားရွက်တွေကို မြင်နိင်အောင်ထားရပါမယ်။ လုံးဝဖုံးကွယ်ထားလို့ မရပါဘူးနော်။❗
🔸Headphones သို့မဟုတ် Earphones ယူဆောင်လာလို့လည်း လုံးဝမရပါဘူးဗျ။ 📵
🔸Mobiles devicies ၊ မှတ်စုစာအုပ်တွေနဲ့ Textbooks စာအုပ်တွေစတဲ့ ပြင်ပပစ္စည်းတွေလည်း ယူမလာဖို့ အရေးကြီးပါတယ်နော်။ 📚🙅
🔸အခြားသူတွေဆီကနေမှ ကူးယူခြင်း ဒါမှမဟုတ် အလွတ်ကျက်ဖြေဆိုခြင်း စတာတွေကို လုံးဝပြုလုပ်လို့မရပါဘူးဗျ။ 📝🙅
🔸အခြားမည်သူနဲ့မှလည်း အဆက်အသွယ်ပြုလုပ်လို့ မရပါဘူးနော်။ 🧏 🚫
🔸ကိုယ်ဖြေဆိုတဲ့ စာရွက်ပေါ်ကလွဲပြီးတော့ တခြားနေရာတွေကို လှမ်းကြည့်တာတွေမလုပ်မိအောင် သတိထားရပါမယ်ဗျ။ 👀❗
🔸စာမေးပွဲဖြေဆိုချိန်မှာ မည့်သည့်အကြောင်းအရာနဲ့ပဲဖြစ်ဖြစ် စာမေးပွဲခန်းကနေ ထွက်သွားခြင်း မျိုးတွေ ခွင့်မပြုပါဘူးနော်။ 🏃🚫
🔸စာမေးပွဲမဖြေဆိုမှီ စစ်ဆေးမှုခံယူရာမှာ ကိုယ့်ရဲ့အချက်အလက်တွေမဟုတ်ပဲနဲ့ အခြားသူရဲ့ ID နဲ့ Information တွေကို ယူသုံးခွင့်မရှိပါဘူးနော်။ 📋 🙅
🔸စာမေးပွဲဖြေဆိုသူက ဖြေဆိုချိန်အတွင်း အပေါ်မှာပြောပြပေးခဲ့တဲ့ အချက်အလက်တွေထဲက တစ်ချက်မဟုတ်တစ်ချက်ကို စည်းကမ်းဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ စာမေးပွဲကို နောက်တစ်ကြိမ် ပြန်လည်ဖြေဆိုရမှာပဲ ဖြစ်ပါတယ်ဗျ။ 🔔
Duolingo Exam ဖြေမယ့် Homies လေးတွေက Online ကနေတဆင့် စာမေးပွဲကို ဖြေဆိုလို့့ရသလို Duolingo Test Services ရရှိနိင်တဲ့နေရာတွေကတော့ KMD / Officehub စတဲ့နေရာတွေမှာလည်းသွားရောက် ဖြေဆိုလို့ရပါတယ်နော်။ 🙆🏢
အခုပြောပြပေးသွားတဲ့ အချက်အလက်လေးတွေက Homies လေးတွေအတွက် တစ်စုံတစ်ရာအထောက်အကူဖြစ်မယ်လို့လည်း မျှော်လင့်မိပါတယ်နော်။ စည်းကမ်းချက်လေးတွေကို လိုက်နာပြီးတော့ စာမေးပွဲဖြေဆိုမယ့် Homies လေးတွေလည်း အခက်ခဲမရှိ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ။ 🥳✨
