IELTS မှာ High score ကောင်းကောင်းလိုချင်သူတွေအတွက် Complex sentences တွေကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ် အသုံးချတတ်ဖို့က မရှိမဖြစ်လိုအပ်တဲ့ skill တစ်ခုပါပဲ။ ဒါဆို Complex sentence တွေကို ဘယ်လိုရေးကြမလဲ?
📕 Complex sentences ကို ရေးတော့မယ်ဆို sub-ordinate conjunctions တွေဖြစ်တဲ့ because, as, since, though, although, if, unless, provided that, unless, despite the fact that, due to the fact that, etc. စတာတွေကို မပါမဖြစ်အသုံးပြုပေးပါ။
📕ဒါ့အပြင် relative pronouns and adverbs တွေဖြစ်တဲ့ which, that, who, whose , when, where and how စတာတွေလည်း သင့်တော်သလို အသုံးပြုပေးရပါမယ်။
📕ဒါဆို sub-ordinate conjunction တွေ relative pronouns and adverbs တွေ အဓိပ္ပာယ်နဲ့ အသုံးပြုရမယ့်အခြေအနေလေးတွေကို ဆက်ပြောပြသွားပါမယ်။
Because, as, since, due to the fact that = conjunctions that show reason ( အကြောင်းပြချက်ပေးလိုတဲ့အခါ)
Though, although, despite the fact that = conjunctions that show contrast (နှိုင်းယှဥ်ပြလိုတဲ့အခါ )
If, unless, provided that = conjunctions that show condition (အခြေအနေ တွေကိုဖော်ပြလိုတဲ့အခါ)
That, which = relative pronouns that refer to things ( ကိုယ်ပြောချင်တဲ့ အရာတွေအစား အသုံးပြုချင်တဲ့အခါ )
That and who = relative pronouns that refer to people (ကိုယ်ပြောချင်တဲ့လူတွေအစား အသုံးပြုချင်တဲ့အခါ )
Whose = shows possession (ပိုင်ဆိုင်မှုကို ပြလိုတဲ့အခါ)
Where = shows place (နေရာကို ပြလိုတဲ့အခါ)
How = shows manner ( လုပ်ဆောင်ပုံ အပြုအမူကို ပြချင်တဲ့အခါ )
When = shows time (အချိန်ကို ပြချင်တဲ့အခါ )
🔶🔶🔶
အခုအောက်မှာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေကြရတဲ့ တောရိုင်းတိရစ္ဆာန်တွေအကြောင်းကို Complex sentence လေးတွေသုံးပြီး ရေးပြသွားပါမယ်။
A. Simple sentences
Amur Leopards have thick pale fur, particularly in winter.
Therefore, they look different from other subspecies.
Amur Leopards are native to the region of Northern China.
From the study of genes, the Amur leopard is close to leopards in North China.
They are poached and hunted heavily for human benefits.
They are not listed as critically endangered until 2007.
As a result, it requires better protection from illegal trade in skin and bones.
B. Complex sentences
Amur Leopards look different from other subspecies because they have thick pale fur, particularly in winter. Amur Leopards are native to the region of Northern China since the genetic study suggests that the Amur leopard is close to leopards in North China. Although they are poached and hunted heavily for human benefits, they are not listed as crucially endangered until 2007, which proves that they require better protection from illegal trade in skin and bones.
အခု အပေါ်မှာ ရေးပြသွားတဲ့ A နဲ့ B စာပိုဒ်တွေကို ယှဥ်ကြည့်လိုက်ရင် နှစ်ခုဟာ အဓိပ္ပာယ်တူတာကိုတွေ့ရမှာပါ။ ဒါပေမယ့် B မှာ ရေးထားတာဆိုရင်တော့ Complex sentences တွေအသုံးပြုထားပြီး ပိုပြီး formal and academic ဆန်တဲ့အတွက် IELTS မှာ High score မှန်းထားတယ်ဆိုရင်တော့ ဒီလိုပုံစံ sentence မျိုးကို ပိုပြီး အသုံးပြုပေးရပါမယ်။
Happy learning!
