IELTS speaking မှာ အချို့ကျောင်းသားတွေအတွက် part II က ဒုက္ခပေးတတ်ပါတယ်။ long turn လို့ခေါ်တဲ့ နှစ်မိနစ်စာကို ပြောရတာဆိုတော့ အချို့က ပြောစရာစကားမရှိတော့တာ၊ အချို့က မဆိုင်တာတွေပြောမိတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် IELTS Speaking Part II နဲ့ပတ်သက်ပြီးကျောင်းသားတွေ မေးတတ်တဲ့ မေးခွန်းတစ်ချို့ကို ဖြေပေးလိုက်ပါတယ်။
Question 1️⃣ဘယ်လိုအကြောင်းအရာတွေကို ပြင်ရမလဲ။ ဘာတွေပြင်ရမလဲ။
Part II questions ပုံစံစုံနဲ့ မေးနေကျ topics တွေကိုလေ့ကျင့်ပါ။ Part II questions တွေဟာလည်း personal focus ပဲမို့ အကြောင်းအရာတွေဟာ ခက်ခက်ခဲခဲကြီးတော့ ဖြစ်လေ့မရှိပါဘူး။
ပုံမှန်အားဖြင့်
- Describe something (concrete) – a gift you received / a book you read/ favourite dish/ a festival / a job that you would like to have
- Describe a person – a person you admire/ a family member /a teacher
- Describe a place – a historical place, the city you live in, a place you have visited
- Describe an experience – an event you attended / a journey you had/ an awkward situation
- Describe something (abstract) a skill you learnt / a help you received / an advice you received
ဆိုပြီး မေးလေ့ရှိတာမို့ သက်ဆိုင်ရာ topic အတွက်လိုအပ်မယ့် tenses, vocabulary and discourse structure (ဘယ်လိုစ၊ ဘယ်လိုချိတ်ဆက်၊ ဘယ်လိုဆုံး) ကိုပိုင်အောင်လုပ်ထား ရင် အမှတ်ကောင်းကောင်းရနိုင်ပါတယ်။
Question 2️⃣နှစ်မိနစ်ပြောနိုင်အောင် ဘယ်လိုလုပ်မလဲ။ နှစ်မိနှစ်မပြည့်ရင်ကော ဘယ်လိုလုပ်မလဲ။
နှစ်မိနစ် အတိအကျနီးပါး ပြောနိုင်အောင် အမြဲအချိန်မှတ်လေ့ကျင့်ပါ။ ပုံမှန်အားဖြင့် promptမှာ point လေးခုပါတဲ့အတွက် point တစ်ခုစီကို စက္ကန့်သုံးဆယ်ချိန်ပြီးပြောကြည့်ပါ။ ပြောလို့ပိုကောင်းတဲ့ အချက်ကို ပိုပြောမိတတ်တာသဘာဝပါ။ စက္ကန့်သုံးဆယ်ဆိုတာ အကြမ်းဖျင်းပြောတာပါ။
နှစ်မိနစ် မပြည့်ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတော့
- ပြောပြီးသားကို အစကနေ ပြန်အကျဉ်းချုပ် ဖော်ပြပါ။
- အပေါ်ဆုံးက prompt တစ်ခုခုထဲမှာ နောက်ထပ်အချက်လေးတစ်ချက်ထည့်ပြောချင်တာကတော့ဆိုပြီး ထပ်ပေါင်းထည့်ပြောပါ။
နှစ်မိနစ်ကျော်တာမျိုးက ပြဿနာရှိလားဆိုတော့ ရှိပါတယ်။ ကိုယ်က မေးခွန်း prompt ထဲက အချက်တွေအကုန်မပြောရသေးခင်မှာ အချိန်စေ့သွားခဲ့ရင် Task Achievement မှာ အများကြီး အမှတ်လျော့ပါပြီ။ ဒီတော့ နှစ်မိနစ်အတွင်းမှာ prompt တွေကုန်သွားအောင်ပြောဖို့ကလည်း အရေးကြီးပါတယ်။
Question 3️⃣ ဘယ်လိုစဉ်းစားမလဲ။ အကြောင်းအရာတွေထွက်လာအောင် ဘယ်လိုလုပ်ရမလဲ။
ပြောစရာ Cue card ရတာနဲ့ ဘာပြောမယ်ဆိုတာ မြန်မြန်ဆုံးဖြတ်ပါ။ တချို့က (ကိုယ်အပါအဝင်) ဟိုဟာပြောရနိုး ဒီဟာပြောရနိုးဖြစ်နေတတ်တယ်။ အဲ့တာနဲ့အချိန်က ကြာသွားတတ်ပါတယ်။ အလေ့အကျင့်များထားရင်တော့ အဲ့လိုဖြစ်တာနည်းသွားပါလိ့မ်မယ်။
စပြောမယ့် ပထမဝါကျကို ကြိုတင်စဉ်းစားထားပါ။ တချို့က အကုန်လုံးကို စဉ်းစားထားပေမယ့် ပထမဆုံးပြောမယ့်စာကြောင်းကို အစအဆုံးမစဉ်းစားထားတော့ ပြောတော့မှ ထစ်နေတတ်တယ်။ ပထမဆုံးတစ်ကြောင်း အဆင်ချောသွားရင် ကျန်တာအဆင်ပြေဖို့ ရာခိုင်နှုန်းများသွားပါပြီ။
ပြောစရာများအောင် -ကိုယ်ပြောသမျှအချက်အလက်အမှန်ကြီးဖြစ်ရမယ်မဟုတ်ပါဘူး။ ဘယ်သူမှလည်းရိုက်မစစ်ပါဘူး၊ အချို့အချက်အလက်တွေကို မှန်မမှန်သိပ်စဉ်းစားနေဖို့မလိုပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်အကြောင်းကို မှန်မှန်ကန်ကန်ပြောတာ အကောင်းဆုံးပါ။ ဒါပေမယ့် ကိုယ် မကျွမ်းကျင်တဲ့ သိပ်မသိတဲ့အကြောင်းအရာတစ်ခုကို မေးလာလည်း အိုးတိုးအတ လုပ်မနေဘဲ ဖြေသာဖြေပစ်ပါ။ အပြောစွမ်းရည်ကိုစစ်တာ၊ ဗဟုသုတကို စစ်တာမဟုတ်ဘူးဆိုတာကို သတိမမေ့ပါနဲ့။
သူ့ရဲ့ မေးခွန်းတွေကို ထပ်ဆင့်ပွားပါ။ ဥပမာ ခရီးတစ်ခုအကြောင်းမေးတယ် သူရဲ့ prompt မှာက
Where you went on the journey ဆို ကိုယ်က where, when, with who? ဆိုပြီး ထပ်ပွားပစ်ပါ။
What kind of transport ဆို ကိုယ်က what, why did you use that transport?, What details do you remember about the transport? ဆိုပြီး ထပ်ဆင့်ပွားပစ်တဲ့ နည်းကိုသုံးပါ။
